Responsive Advertisement

Monday, June 22, 2020

မင်းသိင်္ခ

မင်းသိင်္ခ ကိိုမြန်မာနိင်ငံတွင် မသိိိသူရှိမည်မဟုတ်ပေ၊သို့သော်လည်း ဆရာကြီး မင်းသိင်္ခ အကြောင်းအား ပြည့်ပြည့်စုံစုံ သိရှိစေရန် ကိုကားချက် များကိုစုစီး ပီးဖော်ပြလိုက်သည်
မင်းသိင်္ခ သည် ဗမာလူမျိုး စာရေးဆရာနှင့် ဝေဒနာပညာရှင် ဖြစ်သည်၊ တီထွင်ကြံဆမှုရှိသော ဝတ္ထုတိုရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသားကောင်းသူ တစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင်ပြောင်းလဲခြင်းမှ စပြီး အတတ်ပညာများ၊ လက်တွေ့ရုပ်ဝတ္ထုများ နှင့် အောင်မြင်ပျော်ရွှင်မှုများ ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာသဘောတရားများကို ပုဏ္ဏားဘကွန်း ပထမပိုင်းပုဏ္ဏားဘကွန်း (ဒုတိယပိုင်း-ဇာတ်သိမ်း)ဖြစ်ချင်ရာဖြစ် မောင်ဘချစ် ပထမအပိုင်းဖြစ်ချင်ရာဖြစ််မောင််ဘချစ်် ဒုတိိိိယအပိုင််း နှင့် ပြည်ကြီးမဏ္ဍိုင်မြကြီးစသော ဝတ္ထုများတွင် ထည့်သွင်းဖော်ပြခဲ့သည်။ 
ငယ်ဘ၀ ၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက် ဘိုးလိန်းလမ်းနေ ပန်းချီဆရာ ဦးစံရှိန်နှင့် ဒေါ်တင်တို့မှ မွေးဖွားပါသည်။ မွေးချင်း ၆ ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ငယ်မည်မှာ အောင်ထွန်း ဖြစ်သည်။ မိုးသီး ဆိုသောအမည် နာမ ကိုအလွန်နှစ်သက်သည်။ 
ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းတွင် စတင် ပညာသင်ကြားခဲ့ပါပြီး အေဗီကောလိပ်ကျောင်း၌ ၁၀ တန်းအထိ ပညာသင်ကြားခဲ့ပါသည်။

 ၁၉၅၄ခုနစ် 
အထက်တန်းကျောင်းသားဘဝတွင် မေ့ပင်အောက်က ထွက်ခဲ့ပါ ဝတ္ထုကို အောင်စိုး (အညတရ) အမည်နှင့် ရေးကာ စာပေနယ်သို့ ရောက်သည်။ ၁၉၇၄ ခု၊ ဇူလိုင်လထုတ် ပြစ်မှု မဂ္ဂဇင်းတွင် ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာ သတ်မှု ကို အောင်သင်း ကလောင်နှင့် ရေးသည်။ မနုစာရီ လုံးချင်းကို စရေးမှသာ မင်းသိင်္ခ အမည်ကို ခံယူသည်။

အလုပ်အကိုင် ၁၉၅၈ ခုနှစ်၌ တပ်မတော် သို့ဝင်ရောက် အမှုထမ်းခဲ့သည်။ ၅ နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် တပ်မတော်မှထွက်ပြီး ချောက်မြို့တွင် နေထိုင်ခဲ့ပါသည်။ ချောက်မြို့တွင် ဆီစက် ညစောင့်ဘဝ၊ လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဘဝတို့ဖြင့် ကျင်လည်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မြန်မာစာပေလောကတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည့် မနုစာရီ လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ အကြိမ်ကြိမ်ထုတ်ဝေခဲ့ရပြီး ဂျပန်ဘာသာ သို့လည်း ပြန်ဆိုခြင်းခံရသည်။ ဆရာကြီးရေးသော အခြားဝတ္ထုဇာတ်လိုက်များမှာ စနေမောင်မောင်ဆားပုလင်းနှင်းမောင် [ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား][မိုးသီး][အောင်ထွန်း][ဘိန်းစား ဘွန်း‌ဟောင်း] တို့ဖြစ်သည်။ ၁၉၇၈ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းဝတ္ထုပေါင်း ၇၀ ရေးသားခဲ့သည်။

ဗေဒင်ဟောခြင်း ၁၉၆၉ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ဗေဒင်ဆရာဘဝကို စတင်ခဲ့သည်။ ထိုအချိန်မှစ၍ မင်းသိင်္ခဟူသော အမည်ကို ခံယူခဲ့သည်။ ၁၉၇၈ တွင် ရန်ကုန်မြို့၌လည်း ဗေဒင်များစတင် ဟောခဲ့သည်။ ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက် ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏနေအိမ်မှ မဟာဂန္ဓာရီခရီးအဓိဌာန် ၃ နှစ်ခရီး ထွက်ခွာခဲ့သည်။ ခရီးမှအပြန်တွင် မှော်ဘီမြို့ အစွန်ရှိ အယူတောမင်္ဂလာခြံဝင်းကျယ်ကြီးတွင် တပည့်ပေါင်းများစွာနှင့် အတူနေထိုင်ခဲ့သည်။

မဟာဂန္ဓရီခရီးစဉ် မဟာဂန္ဓာရီအဓိဋ္ဌာန် သုံးနှစ်ခရီးထွက်ခွာခြင်း ကို ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင်စတင်သည်။ ဂန္ဓာရီခရီးစဉ်အပြီးတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့စွန်ရှိ၊ မရမ်းတလင်း အယူတော်မင်္ဂလာခြံ၌ နေထိုင်သည်။

နက္ခတ်ဗေဒ ပါရဂူဘွဲ့ အိန္ဒိယနိင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပြီး ဆုသွားရောက် လက်ခံ မရယူခင် ကွယ်လွန်သွားခြင်းဖြစ်သည်။

နိုင်ငံရေးလှုပ်ရှားမှု မင်းသိင်္ခသည် ၁၉၆၅ မှ ၁၉၇၀ အထိ အင်းစိန်ထောင် တွင် အကျဉ်းကျခံခဲ့ရသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆရာမင်းသိင်္ခက အိုင်ဒီယာမဂ္ဂဇင်း (၂၀၀၄ ဇန်နဝါရီလထုတ်)တွင် အောက်ပါအတိုင်း ပြောပြထားသည်။ “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်လေ၊ အစိုးရနဲ့ သောင်းကျန်းသူနဲ့ လုပ်တဲ့အခါမှာ ကိုယ်က ကြားထဲက တရားဟောတယ်။ အဲဒီတုန်းက ပြည်သူ့ကော်မတီဆိုတာ ပေါ်ပြီလေ။ ငြိမ်းချမ်းရေးကို ဖြစ်အောင်လုပ်ပါ။ လူကြီးတွေ အညွှန်းတွေအတိုင်း တရားလိုက်ဟောတယ်။ ငြိမ်းချမ်းရေးလည်း ပြီးရော သောင်းကျန်းသူက တောထဲပြန်တယ်၊ ကိုယ်တို့က ပြန်စရာ မရှိဘူး။ ဆွဲကုတ်လိုက်တာပေါ့။”မင်းသိင်္ခ၏ နောက်ဆုံးနှစ်များတွင် ဗေဒင်မေးသည့်ပရိသတ်များနှင့် ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မရမ်းတလင်းကျေးရွာတွင် သွားရောက်နေထိုင်ခဲ့သည်။ သို့သော်လည်း ၎င်းနေထိုင်ရာ အယူတော်မင်္ဂလာခြံတွင် ဗေဒင်ပရိသတ်များ အဆက်မပြတ် ခဲ့ပေ။ “နိုင်ငံရေး ထောင်ထွက်တွေ သူ့ဆီသွားရင် ဗေဒင်မေးမယ့်လူတွေကြားမှာ တန်းစီစောင့်စရာမလိုဘူး၊ သူတပည့်ကို ဂေါ်နိုက် (၅ည)လို့ပြောခိုင်းရင် ချက်ချင်းခေါ်တွေ့တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ဆိုသည်။၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်း ဟောပြောချက်များကြောင့် စစ်အစိုးရက မင်းသိင်္ခကို အင်းစိန်ထောင်အတွင်းသို့ ထပ်မံပို့ဆောင်ခဲ့သည်။ (ရှစ်ဂဏန်းနှင့် ပါတ်သက်ပြီးယုံကြည်စွဲလမ်းမှု တစ်မျိုးရှိနေသူ မင်းသိင်္ခသည် ၁၉၈၈ နှောင်းပိုင်းကလည်း နိုင်ငံရေးနှင့်ပတ်သက်ပြီး ရှေ့ရေးအလားအလာအချို့ကိုထင်ရှားပြတ်သားစွာ သိမြင်ထားသူတစ်ဦးပမာ ပြောဆိုလုပ်ကိုင်ခဲ့ဖူးကြောင်းနှင့် အကြောင်းမတိုက်ဆိုင်စွာ ဒုက္ခဆင်းရဲတွေ့ကြုံရရှာကြောင်း သိမီသူများကပြောကြသည်။)မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆရာမင်းသိင်္ခ၏ (အသစ်တဖန်) ပြောကြားချက်ကို ၎င်း၏ တပည့် ဖြစ်သူ ဆရာ ဇင်ယော်နီက "မြန်မာနိုင်ငံ ကောင်းခါနီးပြီ။ အဲဒါကို သူမီချင်သေးတယ်၊ ကြည့်ချင် သေးတယ်ဆိုတဲ့စကားမျိုး သူပြောပါတယ်။ လွန်ခဲ့တဲ့ (၁) လဝန်းကျင်လောက်က ပြောသွားတာ" ဟုပြောသည်။

မိသားစုဘဝ ၁၉၅၇ ခုတွင် အေးအေးရွှေနှင့် အိမ်ထောင်ကျသည်။ အေးအေးရွှေမှာ ငယ်လွန်း၍ အေးအေးရွှေမိဘများက ခွဲသည်။၁၉၆၀ ပြည့်တွင် ချောက်နေ မြမြဝင်း (ခ) ကျင်ဖုံ နှင့် အကြောင်းဖက်သည်။ ၁၉၆၁ တွင် ကွဲကျရာ မောင်မောင်သစ် ဖြစ်လာမည့် ကိုယ်ဝန် မြမြဝင်းကျန်သည်။၁၉၈၀ ပြည့်တွင် အဆက်ဟောင်း အေးအေးရွှေနှင့် ပြန်ပေါင်းထုပ်သည်။ သားသမီး မရ

ဘ၀နိဂုံး နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေရသူ မင်းသိင်္ခသည် ဇူလိုင် (၄) ရက်က ဆေးရုံတက် ရောက်ကုသခဲ့ရပြီး ဆီးကြောပိတ်ကာ ခြေထောက် ဖြတ်ရမည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျန်းမာရေး ပြန်ကောင်းလာကာ (၁၅) ရက်နေ့ကမှ ဆေးရုံမှ ပြန်ဆင်းလာခဲ့သည်။၂၀၀၈ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၆ နာရီ ၂ မိနစ်အချိန်က ရန်ကုန်မြို့ရှိ သုခကမ္ဘာအထူးကုဆေးခန်းတွင် ကွယ်လွန်သည်။မင်းသိင်္ခ၏ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က မင်းသိင်္ခ၏ နောက်ဆုံးအချိန်နှင့် ပတ်သက်၍ “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ ခြံကို ပြန်ရောက်လာတယ်။ မနေ့က မနက်ကမှ ထူးထူးဆန်းဆန်း စကားတွေပြောတယ်။ ငါ ထွက်တော့ မယ်တဲ့ငါ့အခန်းထဲကို ပို့တဲ့။ အခန်းထဲ ရောက်တာနဲ့ ငါပြီးပြီတဲ့။ အဲလို့ပြောပြီး အခန်းထဲ ဝင်သွား တယ်။ ဒီနောက် ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့ကမနက်က ဆေးခန်းကို ပို့လိုက်တာ (၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” ဟု ဆိုသည်။၂၀၀၈ခုနှစ် ဩဂုတ်လ ၅ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရေဝေးသုဿန်၌ဂူသွင်းသင်္ဂြိုဟ်သည်။ ဆရာကြီးကွယ်လွန်ချိန်တွင် ဇနီးဟောင်း ဒေါ်အေးအေး၊သားဖြစ်သူ မောင်မောင်သစ်၊ ညီဖြစ်သူ ဝင်းဇော်(သစ်တော)နှင့် ညီမတဦးတို့သာ ကျန်ရစ်ခဲ့သည်။


မကွယ်လွန်မီ
နောက်ဆုံးထွက်ခဲ့သည့်စာအုပ်များမှာ မကွယ်လွန်မီတစ်လခန့်က လာဘ်မိုးဆွေစာအုပ်တိုက်မှ မြရာရွှေပြည်မင်းသမီး လုံးချင်းဝထ္တု၊ မရမ်းတလင်းစာအုပ်တိုက်မှ ယတြာချေနည်းစာအုပ်၊ ပြုံးပန်းတရာစာအုပ်တိုက်မှ ထီးထိုးနည်း စာအုပ်များ ဖြန့်ဝေခဲ့ပြီး ဆက်လက်ထုတ်ဝေရန် စာပေစိစစ်ရေးမှ ခွင့်ပြုသည့်စာအုပ်များ ကျန်ခဲ့သေးသည်။

၁၉၇၆ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းစာအုပ် စုစုပေါင်း အုပ်ရေ (၇၀) ကျော်ရေးသား ထုတ်ဝေခဲ့သည်။

 ဆရာကြီးမင်းသိင်္ခရေးသားထားသော

စာအုပ်များကို...ဒေါင်းလော့...ရယူရန်နှိပ်ပါ။

No comments:

Post a Comment

Ad Code

YTDBook

nothing here.




Comments

Contact Form

Name

Email *

Message *